အင်္ဂုတ္တရနိကာယ်

(၁၅) ၅-မင်္ဂလဝဂ်

၁-အကုသလသုတ်

၁၄၇။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲ၌ ချထားအပ်၏၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— အကုသိုလ်ကာယကံ၊ အကုသိုလ်ဝစီကံ၊ အကုသိုလ် မနောကံတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ဆောင်ယူ၍ ချထားအပ် သကဲ့သို့ ဤအတူ ငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်၌ ချထားအပ်၏၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကုသိုလ်ကာယကံ၊ ကုသိုလ်ဝစီကံ၊ ကုသိုလ် မနောကံတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ဆောင်ယူ၍ ချထားအပ် သကဲ့သို့ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။