အင်္ဂုတ္တရနိကာယ်
(၁၅) ၅-မင်္ဂလဝဂ်
၂-သာဝဇ္ဇသုတ်
၁၄၈။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲ၌ ဖြစ်ရ၏၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— အပြစ်ရှိသော ကာယကံ၊ အပြစ်ရှိသော ဝစီကံ၊ အပြစ်ရှိသော မနောကံတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အပြစ်မရှိသော ကာယကံ၊ အပြစ်မရှိသော ဝစီကံ၊ အပြစ်မရှိသော မနောကံတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့်။ပ။ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။