အင်္ဂုတ္တရနိကာယ်

(၁၅) ၅-မင်္ဂလဝဂ်

၃-ဝိသမသုတ်

၁၄၉။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့်။ပ။ မညီညွတ်သော ကာယကံ၊ မညီညွတ်သော ဝစီကံ၊ မညီညွတ်သော မနောကံတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့်။ပ။ ဤအတူ ငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့်။ပ။ ညီညွတ်သော ကာယကံ၊ ညီညွတ်သော ဝစီကံ၊ ညီညွတ်သော မနောကံတို့တည်း။ပ။ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။