အင်္ဂုတ္တရနိကာယ်
(၁၉) ၄-အရညဝဂ်
၂-စီဝရသုတ်
၁၈၂။ ရဟန်းတို့ ပံ့သကူဓူတင်ဆောင် ရဟန်းတို့သည် ဤရဟန်းငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ပညာနုံ့သည်၏ အဖြစ် တွေဝေသည်၏ အဖြစ်ကြောင့် ပံ့သကူဓူတင်ကို ဆောင်၏။ပ။
ဤအကျင့်ဖြင့် အကျိုးရှိမှုကိုသာလျှင် မှီ၍ ပံ့သကူဓူတင်ကို ဆောင်၏။
ရဟန်းတို့ ပံ့သကူဓူတင်ဆောင် ရဟန်းတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။