အင်္ဂုတ္တရနိကာယ်

(၂၃) ၃-ဒီဃစာရိကဝဂ်

၉-ပဌမ ကဏှသပ္ပသုတ်

၂၂၉။ ရဟန်းတို့ မြွေဟောက်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

မစင်ကြယ်၊ မကောင်းသော အနံ့ရှိ၏၊ အအိပ်ကြီး၏၊ ဘေးဘျမ်းနှင့်တကွ ဖြစ်၏၊ အဆွေ ခင်ပွန်းကို ဖျက်ဆီးတတ်၏။

ရဟန်းတို့ မြွေဟောက်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ ဤအတူသာလျှင် မာတုဂါမ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

မစင်ကြယ်၊ မကောင်းသော အနံ့ရှိ၏၊ အအိပ်ကြီး၏၊ ဘေးဘျမ်းနှင့်တကွ ဖြစ်၏၊ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်၏။

ရဟန်းတို့ မာတုဂါမ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။