အင်္ဂုတ္တရနိကာယ်

၁၁-တိကဝဂ်

၉-ဒေါဝစဿတာသုတ်

၁၁၅။ ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။

အဘယ်သုံးမျိုးတို့နည်းဟူမူ—

ဆိုဆုံးမခက်သော စကားရှိမှု၊ မကောင်းသော အပေါင်းအသင်းရှိမှု၊ စိတ်ပျံ့လွင့်မှုတို့တည်း။

ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် ဤတရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်တရားသုံးမျိုးတို့နည်းဟူမူ—

ဆိုဆုံးမခက်သော စကားရှိမှုကို ပယ်ရန် ဆိုဆုံးမလွယ်သော စကားရှိမှုကို ပွါးများအပ်၏။

မကောင်းသော အပေါင်းအသင်းရှိမှုကို ပယ်ရန် ကောင်းသော အပေါင်းအသင်းရှိမှုကို ပွါးများ အပ်၏။

စိတ်ပျံ့လွင့်မှုကို ပယ်ရန် ထွက်သက်ဝင်သက်ကို အောက်မေ့မှု ‘အာနာပါနဿတိကမ္မဋ္ဌာန်း’ ကို ပွါးများအပ်၏။

ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် ဤတရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။