သံယုတ္တနိကာယ်—၁၄
၂—ဒုတိယဝဂ်
၁၂—ကုသိတမူလကသုတ်
၁ဝ၆။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ သတ္တဝါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ ပျင်းရိကုန်သော သူတို့သည် ပျင်းရိကုန်သော သူတို့နှင့် အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ သတိလွတ်ကင်းသော သူတို့သည် သတိလွတ်ကင်းသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာမဲ့ကုန်သော သူတို့သည် ပညာမဲ့ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ ထက်သန်သော လုံ့လရှိကုန်သော သူတို့သည် ထက်သန်သော လုံ့လရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ထင်သော သတိရှိကုန်သော သူတို့သည် ထင်သော သတိရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာရှိကုန်သော သူတို့သည် ပညာရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ပ။ဟု (မိန့်တော်မူ၏)။
ဒွါဒသမသုတ်။
[အလုံးစုံသော သုတ်တို့၌ အတိတ် အနာဂတ် ပစ္စုပ္ပန်ကို ပြုအပ်၏]။
ဒုတိယဝဂ် ပြီး၏။