သံယုတ္တနိကာယ်—၁၄

၄—စတုတ္ထဝဂ်

၅—ဧကန္တဒုက္ခသုတ်

၁၁၈။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဤပထဝီဓာတ်သည် ဧကန်ဆင်းရဲ သည် ဆင်းရဲသို့ အစဉ်ကျသည် ဆင်းရဲသို့ သက်ဝင်သည် ချမ်းသာသို့ မသက်ဝင်သည် ဖြစ်ခဲ့မူ သတ္တဝါတို့သည် ဤပထဝီဓာတ်၌ မတပ်မက်ကုန်ရာ၊ ရဟန်းတို့ ပထဝီဓာတ်၏ ချမ်းသာသည် ချမ်းသာသို့ အစဉ်ကျသည် ချမ်းသာသို့ သက်ဝင်သည် ဆင်းရဲသို့ မသက်ဝင်သည်၏ အဖြစ်ကြောင့် သတ္တဝါတို့သည် ပထဝီဓာတ်၌ တပ်မက်ကုန်၏။

ရဟန်းတို့ ဤအာပေါဓာတ်သည်။ပ။ ရဟန်းတို့ ဤတေဇောဓာတ်သည်။ ရဟန်းတို့ ဤဝါယော ဓာတ်သည် ဧကန်ဆင်းရဲသည် ဆင်းရဲသို့ အစဉ်ကျသည် ဆင်းရဲသို့ သက်ဝင်သည် ချမ်းသာသို့ မသက် ဝင်သည် ဖြစ်ခဲ့မူ သတ္တဝါတို့သည် ဤဝါယောဓာတ်၌ မတပ်မက်ကုန်ရာ၊ ရဟန်းတို့ ဝါယောဓာတ်၏ ချမ်းသာသည် ချမ်းသာသို့ အစဉ်ကျသည် ချမ်းသာသို့ သက်ဝင်သည် ဆင်းရဲသို့ မသက်ဝင်သည်၏ အဖြစ်ကြောင့် သတ္တဝါတို့သည် ဝါယောဓာတ်၌ တပ်မက်ကုန်၏။

ရဟန်းတို့ ဤပထဝီဓာတ်သည် ဧကန်ချမ်းသာသည် ချမ်းသာသို့ အစဉ်ကျသည် ချမ်းသာသို့ သက်ဝင်သည် ဆင်းရဲသို့ မသက်ဝင်သည် ဖြစ်ခဲ့မူ သတ္တဝါတို့သည် ဤပထဝီဓာတ်၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ ပထဝီဓာတ်၏ ဆင်းရဲသည် ဆင်းရဲသို့ အစဉ်ကျသည် ဆင်းရဲသို့ သက်ဝင်သည် ချမ်းသာသို့ မသက်ဝင်သည်၏ အဖြစ်ကြောင့် သတ္တဝါတို့သည် ပထဝီဓာတ်၌ ငြီးငွေ့ကုန်၏။

ရဟန်းတို့ ဤအာပေါဓာတ်သည်။ပ။ ရဟန်းတို့ ဤတေဇောဓာတ်သည်။ ရဟန်းတို့ ဤဝါယော ဓာတ်သည် ဧကန်ချမ်းသာသည် ချမ်းသာသို့ အစဉ်ကျသည် ချမ်းသာသို့ သက်ဝင်သည် ဆင်းရဲသို့ မသက်ဝင်သည် ဖြစ်ခဲ့မူ သတ္တဝါတို့သည် ဤဝါယောဓာတ်၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ ဝါယောဓာတ်၏ ဆင်းရဲသည် ဆင်းရဲသို့ အစဉ်ကျသည် ဆင်းရဲသို့ သက်ဝင်သည် ချမ်းသာသို့ မသက်ဝင်သည်၏ အဖြစ့်ကြောင့် သတ္တဝါတို့သည် ဝါယောဓာတ်၌ ငြီးငွေ့ကုန်၏ဟု (ဟောတော်မူ၏)။

ပဉ္စမသုတ်။