သံယုတ္တနိကာယ်—၅၆

၆—အဘိသမယဝဂ်

၅—ပဌမ မဟာပထဝီသုတ်

၁၁၂၅။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်း (တစ်ယောက်) သည် (ကမ္ဘာ) မြေကြီးပေါ်၌ ဆီးစေ့မျှရှိသော မြေကြီးခဲခုနစ်လုံးတို့ကို ချထားရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ချထားသော ဆီးစေ့မျှရှိသော မြေကြီးခဲခုနစ်လုံးနှင့် ဤ (ကမ္ဘာ) မြေကြီးသည် အဘယ်အရာက ပို၍ များသနည်းဟု မိန့်တော်မူ၏။

အသျှင်ဘုရား ဤ (ကမ္ဘာ) မြေကြီးကသာ ပို၍ များပါ၏၊ ချထားသော ဆီးစေ့မျှရှိသော မြေကြီးခဲခုနစ်လုံးသည် အနည်းငယ်မျှသာတည်း၊ (ကမ္ဘာ) မြေကြီးကို ထောက်ဆ၍ ချထားသော ဆီးစေ့မျှရှိသော မြေကြီးခဲခုနစ်လုံးတို့သည် မရေတွက်လောက်ကုန်၊ မနှိုင်းယှဉ်လောက်ကုန်၊ အစိတ်အပိုင်းသို့လည်း မရောက်နိုင်ပါကုန်ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ဤအတူပင် အရိယာတပည့်ဖြစ်သော ပုဂ္ဂိုလ်၏။ပ။ အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။