အင်္ဂုတ္တရနိကာယ်
၃-ပဉ္စင်္ဂ ိကဝဂ်
၅-အနုဂ္ဂဟိတသုတ်
၂၅။ ရဟန်းတို့ အကြောင်းငါးမျိုးတို့ဖြင့် ချီးမြှောက်အပ်သည့် မှန်ကန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည်စိတ်၏ (ကိလေသာမှ) လွတ်မြောက်မှု (မဂ် ဖိုလ် သမာဓိ) အကျိုးလည်း ရှိ၏၊ စိတ်၏ (ကိလေသာမှ) ့လွတ်မြောက်မှု (မဂ် ဖိုလ် သမာဓိ) အကျိုးအာနိသင်လည်း ရှိ၏၊ ပညာ၏ (ကိလေသာမှ) လွတ်မြောက်မှုအကျိုးလည်း ရှိ၏။ ပညာ၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုးအာနိသင်လည်း ရှိ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ မှန်ကန်သောအယူ ‘သမ္မာဒိဋ္ဌိ’ ကို
သီလဖြင့်လည်း ချီးမြှောက်အပ်၏။
အကြားအမြင်ဖြင့်လည်း ချီးမြှောက်အပ်၏။
ဆွေးနွေးမှုဖြင့်လည်း ချီးမြှောက်အပ်၏။
သမထဖြင့်လည်း ချီးမြှောက်အပ်၏။
ဝိပဿနာဖြင့်လည်း ချီးမြှောက်အပ်၏။
ရဟန်းတို့ ဤအကြောင်းငါးမျိုးတို့ဖြင့် ချီးမြှောက်အပ်သော မှန်ကန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည် စိတ်၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုးလည်း ရှိ၏၊ စိတ်၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုးအာနိသင်လည်း ရှိ၏၊ ပညာ၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုးလည်း ရှိ၏။ ပညာ၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုးအာနိသင်လည်း ရှိ၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။