အင်္ဂုတ္တရနိကာယ်
၃-ပဉ္စင်္ဂ ိကဝဂ်
၄-ဒုဿီလသုတ်
၂၄။ ရဟန်းတို့ သီလပျက်စီးသော ဒုဿီလပုဂ္ဂိုလ်အား မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် အကြောင်းချို့တဲ့၏။
သမ္မာသမာဓိမရှိလတ်သော် သမ္မာသမာဓိပျက်စီးသူအားဟုတ်တိုင်းမှန်စွာ သိမြင်တတ်သော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏၊ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သော ဉာဏ်အမြင် ပျက်စီးလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သော ဉာဏ်အမြင်ပျက်စီးသူအား ငြီးငွေ့မှု စွဲမက်ခြင်းကင်းမှု အကြောင်းချို့တဲ့၏၊ ငြီးငွေ့မှု စွဲမက်ခြင်းကင်းမှုမရှိလတ်သော် ငြီးငွေ့မှု စွဲမက်ခြင်းကင်းမှု ပျက်စီးသူအား (ကိလေသာမှ) လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကိုသိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။
ရဟန်းတို့ သစ်ပင်သည် အခက် အရွက် ပျက်စီးခဲ့မူ ယင်းသစ်ပင်၏ အပွေးသည်လည်း ပြည့်စုံခြင်းသို့မရောက်၊ အခွံ အခေါက်သည်လည်း ပြည့်စုံခြင်းသို့ မရောက်၊ အကာသည်လည်း ပြည့်စုံခြင်းသို့မရောက်၊ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် သီလပျက်စီးသောဒုဿီလပုဂ္ဂိုလ်အား မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် အကြောင်းချို့တဲ့၏၊ သမ္မာသမာဓိမရှိလတ်သော် သမ္မာသမာဓိပျက်စီးသူအားဟုတ်တိုင်းမှန်စွာ သိမြင်တတ်သော ဉာဏ်အမြင်သည်အကြောင်းချို့တဲ့၏။ ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သော ဉာဏ်အမြင်မရှိလတ်သော်ဟုတ်တိုင်းမှန်စွာသိမြင်တတ်သော ဉာဏ်အမြင်ပျက်စီးသူအား ငြီးငွေ့မှုစွဲမက်ခြင်းကင်းမှုသည် အကြောင်းချို့တဲ့၏၊ ငြီးငွေ့မှု စွဲမက်ခြင်းကင်းမှု မရှိလတ်သော် ငြီးငွေ့မှု စွဲမက်ခြင်းကင်းမှု ချို့တဲ့သူအား (ကိလေသာမှ) လွတ် မြောက်မှုနှင့် လွတ်မြောက်မှုကို သိမြင်တတ်သော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။
ရဟန်းတို့ သီလနှင့်ပြည့်စုံသော ‘သီလဝန္တ’ ပုဂ္ဂိုလ်အား မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ သည်အကြောင်းပြည့်စုံ၏၊ သမ္မာသမာဓိရှိလတ်သော် သမ္မာသမာဓိနှင့် ပြည့်စုံသော သူအားဟုတ်တိုင်း မှန်စွာသိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏၊ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင်ရှိလတ် သော်ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင်နှင့် ပြည့်စုံသူအား ငြီးငွေ့မှု စွဲမက်ခြင်းကင်းမှုသည်အကြောင်းပြည့်စုံ၏၊ ငြီးငွေ့မှု စွဲမက်ခြင်းကင်းမှုရှိလတ်သော် ငြီးငွေ့မှု စွဲမက်ခြင်းကင်းမှုနှင့် ပြည့်စုံသောသူအား (ကိလေသာမှ) လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိတတ်သော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။
ရဟန်းတို့ သစ်ပင်သည် အခက် အရွက်နှင့် ပြည့်စုံခဲ့မူ ယင်းသစ်ပင်၏ အပွေး အခွံ အကာ အနှစ်တို့သည် ပြည့်စုံခြင်းသို့ ရောက်ကုန်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် သီလနှင့်ပြည့်စုံသော ‘သီလဝန္တ’ပုဂ္ဂိုလ်အား မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် အကြောင်းပြည့်စုံ၏၊ သမ္မာသမာဓိရှိလတ်သော် သမ္မာသမာဓိနှင့် ပြည့်စုံသော သူအားဟုတ်တိုင်းမှန်စွာ သိမြင်သော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။ ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သော ဉာဏ်အမြင်ရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင်နှင့် ပြည့်စုံသူအား ငြီးငွေ့မှု စွဲမက်ခြင်းကင်းမှုသည် အကြောင်းပြည့်စုံ၏၊ ငြီးငွေ့မှု စွဲမက်ခြင်းကင်းမှု ရှိလတ်သော် ငြီးငွေ့မှု စွဲမက်ခြင်းကင်းမှုနှင့် ပြည့်စုံသော သူအား (ကိလေသာမှ) လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိမြင်တတ်သော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏ဟု မိန့်တော်မူ၏။
စတုတ္ထသုတ်။