အင်္ဂုတ္တရနိကာယ်

၁ဝ-အာနိသံသဝဂ်

၆-နိဗ္ဗာနသုတ်

၁ဝ၁။ ရဟန်းတို့ နိဗ္ဗာန်ကို ဆင်းရဲသောအားဖြင့် ရှုသော ထိုရဟန်းသည် စင်စစ်အားဖြင့်အနုလောမိကခနိ ္တ ‘လောကုတ္တရာတရားအား လျော်သော ပညာ’ နှင့် ပြည့်စုံလိမ့်မည်ဟူသော အကြောင်းသည် မရှိနိုင်၊ အနုလောမိကခနိ ္တနှင့် မပြည့်စုံသည်ရှိသော် မဖောက်ပြန်သော သဘောဟု ဆိုအပ်သောနိယာမ (မဂ်) သို့ သက်ဝင်လိမ့်မည်ဟူသော အကြောင်းသည် မရှိနိုင်၊ မဖောက်ပြန်သော သဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ မသက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုလိမ့်မည်ဟူသော အကြောင်းသည် မရှိနိုင်။

ရဟန်းတို့ နိဗ္ဗာန်ကို ချမ်းသာသောအားဖြင့် ရှုသော ထိုရဟန်းသည် စင်စစ်အားဖြင့် အနုလောမိကခနိ ္တနှင့် ပြည့်စုံလိမ့်မည်ဟူသော အကြောင်းသည် ရှိနိုင်၏၊ အနုလောမိကခနိ ္တနှင့် ပြည့်စုံသည်ရှိသော်မဖောက်ပြန်သော သဘောဟု ဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်လိမ့်မည်ဟူသော အကြောင်းသည်ရှိနိုင်၏၊ မဖောက်ပြန်သော သဘောဟု ဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုလိမ့်မည်ဟူသော အကြောင်းသည် ရှိနိုင်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။