အင်္ဂုတ္တရနိကာယ်

၇-ဒေဝတာဝဂ်

၁ဝ-ဒုတိယ တဇ္ဈာနသုတ်

၇၄။ ရဟန်းတို့ တရားခြောက်မျိုးတို့ကို မပယ်မူ၍ ပဌမဈာန်သို့ ရောက်၍ နေရန် မထိုက်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

ကာမဂုဏ်ကို ကြံစည်မှု ‘ကာမဝိတက်’။

ပျက်စီးစေရန် ကြံစည်မှု ‘ဗျာပါဒဝိတက်’။

ညှဉ်းဆဲရန် ကြံစည်မှု ‘ဝိဟိံ သဝိတက်’။

ကာမဂုဏ်တို့၌ မှတ်သားမှု ‘ကာမသညာ’။

ပျက်စီးစေရန် မှတ်သားမှု ‘ဗျာပါဒသညာ’။

ညှဉ်းဆဲရန် မှတ်သားမှု ‘ဝိဟိံ သသညာ’ တို့တည်း။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို မပယ်မူ၍ ပဌမဈာန်သို့ ရောက်၍ နေရန် မထိုက်။

ရဟန်းတို့ တရားခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ပဌမဈာန်သို့ ရောက်၍ နေရန် ထိုက်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

ကာမဂုဏ်ကို ကြံစည်မှု ‘ကာမဝိတက်’။

ပျက်စီးစေရန် ကြံစည်မှု ‘ဗျာပါဒဝိတက်’။

ညှဉ်းဆဲရန် ကြံစည်မှု ‘ဝိဟိံ သဝိတက်’။

ကာမဂုဏ်၌ မှတ်သားမှု ‘ကာမသညာ’။

ပျက်စီးစေရန် မှတ်သားမှု ‘ဗျာပါဒသညာ’။

ညှဉ်းဆဲရန် မှတ်သားမှု ‘ဝိဟိံ သသညာ’ တို့တည်း။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ပဌမဈာန်သို့ ရောက်၍် နေရန် ထိုက်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ခုနစ်ခုမြောက် ဒေဝတာဝဂ် ပြီး၏။