အင်္ဂုတ္တရနိကာယ်
၆-အဗျာကတဝဂ်
၇-သတ္တဓမ္မသုတ်
၆ဝ။ ရဟန်းတို့ တရားခုနှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမြင့်မီပင်လျှင် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် ရောက်၍ နေရာ၏။
အဘယ်ခုနှစ်မျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရား ရှိ၏၊ သီလ ရှိ၏၊ အကြားအမြင် များ၏၊ တစ်ယောက်တည်း ကိန်းအောင်း၏၊ ထက်သန်သော လုံ့လ ရှိ၏၊ သတိနှင့် ပြည့်စုံ၏၊ ပညာရှိ၏။
ရဟန်းတို့ ဤတရားခုနှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမြင့်မီပင်လျှင် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် ရောက်၍ နေရာ၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။