အင်္ဂုတ္တရနိကာယ်
၁၂-သာမညဝဂ်
၂-ဓမ္မာနုပဿီသုတ်
၁၁၈။ ရဟန်းတို့ တရားခြောက်မျိုးတို့ကို မပယ်မူ၍ အတွင်း ‘အဇ္ဈတ္တ’ ဖြစ်သော ကိုယ်၌။ပ။ အပ’ဗဟိဒ္ဓ’ ဖြစ်သော ကိုယ်၌။ပ။ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ’ ဖြစ်သော ကိုယ်၌။ပ။ အတွင်း ‘အဇ္ဈတ္တ’ ဖြစ်သော ဝေဒနာတို့၌။ပ။ အပ ‘ဗဟိဒ္ဓ’ဖြစ်သော ဝေဒနာတို့၌။ပ။ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ’ ဖြစ်သော ဝေဒနာတို့၌။ပ။ အတွင်း ‘အဇ္ဈတ္တ’ဖြစ်သော စိတ်၌။ပ။ အပ ‘ဗဟိဒ္ဓ’ဖြစ်သော စိတ်၌။ပ။ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ’ ဖြစ်သော စိတ်၌။ပ။ အတွင်း ‘အဇ္ဈတ္တ’ ဖြစ်သော တရားတို့၌။ပ။ အပ ‘ဗဟိဒ္ဓ’ ဖြစ်သော တရားတို့၌။ပ။ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ’ ဖြစ်သော တရားတို့၌ တရားဟု အဖန်ဖန် ရှုလျက် နေရန် မထိုက်။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
အမှုသစ်၌ မွေ့လျော်မှု၊ စကားပြောခြင်း၌ မွေ့လျော်မှု၊ အိပ်ခြင်း၌ မွေ့လျော်မှု၊ အပေါင်းအသင်း၌ မွေ့လျော်မှု၊ ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားမှု၊ စားဖွယ်၌ အတိုင်းအရှည်ကို မသိမှုတို့တည်း။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ’ ဖြစ်သောတရားတို့၌ တရားဟု အဖန်ဖန် ရှုလျက်နေရန် ထိုက်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။